Co-Operative College Phaunggyi

သမဝါယမကောလိပ်၊ ဖောင်ကြီး ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက် (၉:၀၀)နာရီ တွင် သမဝါယမကောလိပ်၊ ဖောင်ကြီး စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

သမဝါယမကောလိပ်၊ ဖောင်ကြီး ၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို  ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက် (၉:၀၀)နာရီ တွင် သမဝါယမကောလိပ်၊ ဖောင်ကြီး စုဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ သမဝါယမကောလိပ်၊ ဖောင်ကြီး မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယကျောင်းအုပ်ကြီးမှ ဆုံးမဩဝါဒစကားပြောကြားခဲ့ပါသည်။ ပညာထူးချွန်ဆုနှင့် အားကစားဆုများကိုချီးမြှင့်ပြီးနောက် မောင်သစ်လွင်၊ မယ်သစ်လွင် ရွေးချယ်ရေး အစီအစဉ်ပြုလုပ်ခဲ့ပါသည်။ ကျောင်းသူကျောင်းသားများမှ တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ပြီးနောက် နေ့လည် (၃:၀၀)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။


  • ရေးသူ: admin
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2017-06-16
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 456
  • မှတ်ချက်: 0

Tags:

မှတ်ချက်ရေးရန်