Co-Operative College Phaunggyi


သမဝါယမကောလိပ်၊ ဖောင်ကြီး
အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်

အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို မေလ (၂) ရက်နေ့ နံနက် (၉) နာရီတွင် သမဝါယမကောလိပ်၊ ဖောင်ကြီး စုဝေးခန်းမ၌ ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်း က သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။


သင်တန်းဖွင့်ပွဲသို့ သမဝါယမကောလိပ်၊ ဖောင်ကြီးမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တို့မှ သင်တန်းသား၊ သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ကြပါသည်။


သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ သမဝါယမဘာသာရပ်၊ အခြေခံစာရင်းရေးစာရင်းကိုင်ပညာ၊ သမဝါယမစာရင်းကိုင်ပညာ၊ စာရင်းစစ်ဆေးခြင်း စသည့် သင်ခန်းစာများကို ဆွေးနွေးပို့ချမည်ဖြစ်ပြီး  သင်တန်းကာလမှာ (၂.၅.၂၀၁၇) မှ (၃၀.၅.၂၀၁၇) နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။


  • ရေးသူ: admin
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2017-06-16
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 818
  • မှတ်ချက်: 0

Tags:

မှတ်ချက်ရေးရန်