သမ၀ါယမကောလိပ်(ဖောင်ကြီး)၏ (၂၂)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို သဝါယမကောလိပ်(ဖောင်ကြီး) တွင် ၂.၆.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်၌ ကျင်းပ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်သူရ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
သမ၀ါယကောလိပ် (ဖောင်ကြီး)ကို ၁၉၉၄-၁၉၉၅ ပညာသင်နှစ်ကစတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး၊ ယနေ့ (၂၂)ကြိမ်မြောက် ဒီပလိုမာလက်မှတ်အပ်နှင်းချိန်အထိ ဒီပလိုမာလက်မှတ် ရရှိသူ ၂၄၆၅ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကောလိပ်အနေဖြင့် စီပွားရေးလုပ်ငန်း စာရင်းကိုင်ဒီပလိုမာ (Diploma in Business Accounting)၊ စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုဒီပလိုမာ(Diploma in Marketing Management)၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ (Diploma in Regional Development)၊ အသုံးချစာရင်းအင်း ဒီပလိုမာ (Diploma in Applied Statistics) နှင့်လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Social Enterprise Management) စသည့်ဒီပလိုမာ ၅ ခုနှင့်သက်ဆိုင်သော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး နှစ်စဉ် သမဝါယမစီးပွားရေးပညာတတ် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့ခေတ်မှာ နည်းပညာများ တစ်နေ့တစ်ခြား တိုးတက် ပြောင်းလဲလျက်ရှိသောကြောင့် အဘက်ဘက်က ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို ယှဉ်ပြိုင် တုံ့ပြန်နိုင်စွမ်းရှိဖို့ အသိပညာ၊အတတ်ပညာစွမ်းအားတွေပြည့်စုံနေရန် လိုအပ်ကြောင်း၊ စိန်ခေါ်မှု တွေကိုယှဉ်ပြိုင် အနိုင်ယူဖို့အတွက် ကိုယ့်ကိုယ်ကိုတည်ဆောက် ရမဲ့အရာတွေကို စဉ်းစားပြီး Self-Learning လုပ်နေရမှာဖြစ်ကြောင်း၊ သာမန်လေ့လာကြိုးစားမှုမျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် လေ့လာမှု Continuous Learning လုပ်နေ့ဖို့ လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့ပါသည်။
ဒီပလိုမာလက်မှတ်အပ်နှင်းပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပညာရည်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ခဲ့ပြီး သမ၀ါယမကောလိပ်(ဖောင်ကြီး)၊ ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၄၀ ဦး အား ဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ပါသည်။

- ဖော်ပြသည့် နေရာ: သတင်း
- ပေးပို့သည့်နေ့ရက်: 2018-10-09
- ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 1074
- မှတ်ချက်: 0
အမျိုးအစားတူသော သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- အာဇာနည်နေ့အခမ်းအနား
- အာစရိယပူဇော်ပွဲနှင့် နှုတ်ဆက်ညစာစားပွဲ
- အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်
- သွေးလှူဒါန်းပွဲ
- သမဝါယကောလိပ်( ဖောင်ကြီး ) ၊ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အခမ်းအနားများကျင်းပခြင်း
- သမဝါယမကောလိပ်(ဖောင်ကြီး) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
- သမဝါယမကောလိပ်(ဖောင်ကြီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
Tags တူသော ဆက်စပ်သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဖွင့်လှစ်မည့်အစီအစဉ်
- ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်

မှတ်ချက်ရေးရန်