သမဝါယမကောလိပ် (ဖောင်ကြီး) ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် နှုတ်ဆက်ညစာစားပွဲကို ၃၀.၈.၂၀၁၈ နေ့ နံနက် ၉:၀၀ နာရီတွင် စုဝေးခန်းမ၌ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းသားကျောင်းသူများမှ ကျေးဇူးရှင်ဆရာ၊ ဆရာမများကို ကံယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့သည်များရှိပါကခွင့်လွှတ်ပါရန် တောင်းပန်ကန်တော့ ခဲ့ကြပါသည်။ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးတို့မှ ဆုံးမဩဝါဒနှင့် ဆုပေးစကားများ ပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများကိုယ်စား ဒုတိယနှစ်သင်တန်း ကျောင်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အမှတ်တရဓာတ်ပုံများရိုက်ကူး၍ နံနက်ပိုင်း အစီအစဉ်ကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
နေ့လည်ပိုင်းအစီအစဉ်များကို မွန်းလွဲ (၁:၀၀)နာရီတွင် ပြန်လည်စတင်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများမှ သီချင်းများ၊ တေးသရုပ်ဖော်များ၊ ပြဇာတ်များ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများကို ထမင်းကြော်များဖြင့် တည်ခင်း ကျွေးမွေးခဲ့ပါသည်။ ညနေပိုင်းအစီအစဉ်များကို ညနေ ၆:၀၀ နာရီတွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။
- ဖော်ပြသည့် နေရာ: သတင်း
- ပေးပို့သည့်နေ့ရက်: 2018-10-10
- ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 1269
- မှတ်ချက်: 0
အမျိုးအစားတူသော သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- အာဇာနည်နေ့အခမ်းအနား
- အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်
- သွေးလှူဒါန်းပွဲ
- သမဝါယကောလိပ်( ဖောင်ကြီး ) ၊ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အခမ်းအနားများကျင်းပခြင်း
- သမဝါယမကောလိပ်(ဖောင်ကြီး)၊ (၂၂)ကြိမ်မြောက်ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
- သမဝါယမကောလိပ်(ဖောင်ကြီး) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
- သမဝါယမကောလိပ်(ဖောင်ကြီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
Tags တူသော ဆက်စပ်သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဖွင့်လှစ်မည့်အစီအစဉ်
- ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်
- အာဇာနည်နေ့အခမ်းအနား
- အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်
- သွေးလှူဒါန်းပွဲ
- သမဝါယကောလိပ်( ဖောင်ကြီး ) ၊ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အခမ်းအနားများကျင်းပခြင်း
- သမဝါယမကောလိပ်(ဖောင်ကြီး)၊ (၂၂)ကြိမ်မြောက်ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
မှတ်ချက်ရေးရန်