Co-Operative College Phaunggyi


      သမဝါယမကောလိပ်(ဖောင်ကြီး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို     ၃-၁-၂၀၁၉  ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် သမဝါယမကောလိပ်(ဖောင်ကြီး) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားကို အစီအစဉ်(၁၃)ရပ်ဖြင့်  ကျင်းပခဲ့ပြီး အခမ်းအနားသို့ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။


    အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မော်ကွန်းထိန်းမှ ကျောင်းစည်းကမ်းများနှင့်အခြားလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဆရာ၊ဆရာမများ တစ်ဦးချင်းကိုမိတ်ဆက် ပေးခြင်း၊ ပညာထူးချွန်ဆုနှင့် အားကစားဆုများချီးမြှင့်ခြင်း၊ ဒုတိယနှစ်ကျောင်းသား တစ်ဦးမှ မောင်သစ်လွင် မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပထမနှစ်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း၊ မောင်မယ် သစ်လွင်ရွေးချယ်ခြင်းနှင့် မောင်သစ်လွင်၊ မယ်သစ်လွင် ရရှိသူများကို မောင်မယ်သစ်လွင် အဆောင်အယောင်များ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား၊ကျောင်းသူများမှ ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်ခဲ့ပြီး အခမ်းအနားကို ညနေ ၀၄:၀၀နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။





  • ရေးသူ: admin
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2019-02-07
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 938
  • မှတ်ချက်: 0

Tags:

မှတ်ချက်ရေးရန်