Co-Operative College Phaunggyi


        ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ၁၂-၁၂-၂၀၁၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ပညာရပ်ဆိုင်ရာဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။  အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ကွန်ပျူတာပညာရှင်အသင်း၏ ဒုတိယ ဥက္ကဌဖြစ်သော ဦးငြိမ်းဦးမှ “ Be Ahead of the Competition ”  “ ပြိုင်ဆိုင်မှုများ၏ ခြေတစ်လှမ်းအရှေ့ဆီသို့” ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ 


        ဟောပြောပွဲသို့ သမဝါယမကောလိပ်(ဖောင်ကြီး)မှဆရာ၊ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး(၅၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ကျောင်းသား၊ကျောင်းသူများ ကလည်း အမေးအဖြေကဏ္ဍတွင်  ပါဝင်ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ(၁၃:၃၀)တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ပါသည်။




  • ရေးသူ: admin
  • ဖော်ပြသည့် နေရာ: သတင်း
  • ပေးပို့သည့်နေ့ရက်: 2019-02-07
  • ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 146
  • မှတ်ချက်: 0

Tags:

မှတ်ချက်ရေးရန်