
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမဝါယမကောလိပ်(ဖောင်ကြီး) ကျောင်းတည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အဖြစ် ၁၅.၆.၂၀၁၉နှင့် ၁၆.၆.၂၀၁၉ ရက်နေ့များတွင် နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲ၊ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ၊ သံဃာတော် (၂၅)ပါးအား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ကန်တော့ပွဲ
နှင့် ဖောင်ကြီး၊မင်းကုန်းဒေသ အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ကောက်ခြင်း စသည့်ပွဲတော်များကျင်းပပြုလုပ်ခဲ့ပါသည်။
အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲကို ၁၅.၆.၂၀၁၉နေ့ နံနက်(၈း၃၀)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဟန်ထွန်း၊ သမဝါယမဦးစီးဌာနအမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ၊ လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သောင်းမြင့်၊ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်မှူးဗိုလ်မှူးကြီးဇော်မျိုးထွဋ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဆည်မြောင်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာနမှတိုင်းဒေသကြီး ဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၊ လှည်းကူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ လှည်းကူးမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး၊လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန(ဖောင်ကြီး)တောအုပ်ကြီး၊ လှည်းကူးမြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)၊လှည်းကူးမြို့နယ် ဖောင်ကြီးမြို့နယ်လျှပ်စစ်မန်နေဂျာ၊ လှည်းကူးမြို့နယ်
သမဝါယမဦးစီးဌာန ဦးစီးအရာရှိ(မြို့နယ်)၊ လှည်းကူမြို့နယ် မင်းကုန်း၊စံပြကျေးရွာနှင့်အရှေ့ဖောင်ကြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သမဝါယမကောလိပ်(ဖောင်ကြီး)ေကျာင်းသားကျာင်အုပ်ကြီး၊ဒုတိယကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ /ကျောင်းသူများ စုစုပေါင်း(၈၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သမဝါယမဦးစီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ငွေမှ သမဝါယမကောလိပ်(ဖောင်ကြီး)၏ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ၄င်းနောက် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိ်ုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးဟံထွန်းမှ အထိမ်းအမှတ်သစ်ပင်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးဒေါက်တာတင်လဲ့လဲ့ဝင်းနှင့် ကျောင်းသား/ ကျောက်းသူများမှလည်းကောင်း၊ ဌာနဆိုင်ရာများ၏ကိုယ်စား လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးမှ လက်ခံရယူခဲ့ပါသည်။ ထို့ပြင် ငွေရတုအထိမ်းအမှတ်အတွက် (၅)သိန်းလှူဒါန်းပေးသော ပဲခူးတိုင်းဒေသကြီးမှ သမဝါယမအသင်းများနှင့် အသင်းစုချုပ်ကိုယ်စား ပဲခူးတိုင်းဦးစီးမှူးဦးသူရိန်ချစ်ဆွေမှ လက်ခံခဲ့ပါသည်။ ၄င်နောက် ငွေရတုအထိမ်းအမှတ် သစ်ပင် (၅၀၀)အား စိုက်ပျိုးခဲ့ကြပြီး ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သစ်ပင်စိုက်ပျိုးနေပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နံနက် (၉း၃၀)နာရီတွင် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ငွေရတုအထိမ်းအမှတ် သံဃာ(၂၅)ပါး ဆွမ်းကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို နံနက် (၁ဝးဝ၀)တွင် စတင်ကျင်းပခဲ့ရာ လှည်းကူးမြို့နယ် ရတနာအောင်မြေကျောင်းတိုက်မှ ဆရာတော် အရှင်စန္ဒာသိရီဘိဝံသ၊ သာသနာဓဇဓမ္မာစရိယ စေတီယင်္ဂဏဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဏိတ အမှူးပြု၍ သံဃာ(၂၅)ပါးထံမှ ငါးပါးသီလဆောက်တည်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်သွန်းချ အမျှဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး နံနက် (၁၁း၁၅)နာရီတွင် ဆွမ်းဆပ်ကပ်လှူဒါန်းပွဲနှင့် ဧည့်သည်တော်များကျွေးမွေးဧည့်ခံခြင်းပြုလုပ်၍ မွန်းလွဲ (၁၂း၃၀)နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါသည်။
ထို့နောက် မွန်းလွဲ(၃း၃၀)နာရီခန့်တွင် ငွေရတုအထိမ်းအမှတ်အဖြစ် ဖောင်ကြီး-မင်းကုန်းဒေသ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် အမှိုက်ကောက်ခြင်းကို ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများပါဝင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြရာ ညနေ (၅းဝ၀)နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ငွေရတုအထိမ်းအမှတ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ၁၆.၆.၂၀၁၉ ရက်နေ့ နံနက် (၁ဝး၃၀)နာရီတွင် ကျင်းပခဲ့ရာ ဆရာကြီး/ဆရာမကြီးအပါအဝင် ကန်တော့ခံ ဆရာ/ဆရာမ (၁၀၅)ဦးအား ပူဇော်ကန်တော့ခဲ့ကြပါသည်။ ကန်တော့ပွဲတွင် အငြိမ်းစား ကျောင်းအုပ်ကြီး ဦးတင်ဝင်း၊ ဦးထွဏ်းအောင်နှင့် ပါမောက္ခ (ငြိမ်း)ဒေါ်ဝင်းစိန်တို့မှ ငွေရတုဂုဏ်ပြုစကားနှင့် ဆုံးမသြဝါဒစကားများပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးဒေါက်တာ တင်လဲ့လဲ့ဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများမှ အဆိုအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ အခမ်းအနားကို ညနေ(၃းဝ၀)နာရီတွင် ရုတ်သိမ်းခဲ့ကြပါသည်။
- ဖော်ပြသည့် နေရာ: သတင်း
- ပေးပို့သည့်နေ့ရက်: 2019-07-04
- ဖတ်ပြီးသည့် အကြိမ်အရေအတွက်: 1285
- မှတ်ချက်: 0
အမျိုးအစားတူသော သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- အာဇာနည်နေ့အခမ်းအနား
- အာစရိယပူဇော်ပွဲနှင့် နှုတ်ဆက်ညစာစားပွဲ
- အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်
- သွေးလှူဒါန်းပွဲ
- သမဝါယမကောလိပ်(ဖောင်ကြီး)၊ (၂၂)ကြိမ်မြောက်ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
- သမဝါယမကောလိပ်(ဖောင်ကြီး) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
- သမဝါယမကောလိပ်(ဖောင်ကြီး) မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
Tags တူသော ဆက်စပ်သတင်းများ
- Union Day Talk
- ဘားအံ သို့ခရီးသွားခြင်း
- ထမနဲထိုးပွဲ
- ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဖွင့်လှစ်မည့်အစီအစဉ်
- ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်
- အာဇာနည်နေ့အခမ်းအနား
- အာစရိယပူဇော်ပွဲနှင့် နှုတ်ဆက်ညစာစားပွဲ
- အခြေခံစာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း (အမှုထမ်း) သင်တန်းဖွင့်လှစ်
- သွေးလှူဒါန်းပွဲ
- သမဝါယမကောလိပ်(ဖောင်ကြီး)၊ (၂၂)ကြိမ်မြောက်ဒီပလိုမာလက်မှတ်အပ်နှင်းပွဲအခမ်းအနားကျင်းပ
မှတ်ချက်ရေးရန်